ပဒိုမန်းရှာလားဖန်းလုပ်ကြံခံရ၍ ပွဲချင်းပြီးသေဆုံး

(ခေတ်ပြိုင်)

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး
ပဒိုမန်းရှာလားဖန်း အသက် (၆၄) နှစ်သည် ယနေ့ ညနေ (၄) နာရီ
(၄၀) မိနစ်တွင် အမည်မသိ လူနှစ်ဦးက နေအိမ်တွင် သေနတ်ဖြင့် လာရောက် လုပ်ကြံသတ်ဖြတ်သောကြောင့် ရင်ညွန့်တွင် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားသည်။

Pado Mahn Sha Assassinated


Mahn Sha Assassinated

Mahn Sha, general secretary of Karen National Union (KNU), was assassinated at about 4:00 p.m. in Mae Sot, Thailand, a witness said. David Takapaw, the KNU joint-secretary, told The Irrawaddy that Mahn Sha was shot at his home, not far from Mae Sot city center. He said there were two assassins but could not confirm their identities. The Irrawaddy will update later.

ချုပ်ချုပ်ကြီးအတွက် ချစ်သူများနေ့ လက်ဆောင်

ယနေ့ဟာ နိုင်ငံတကာက ဗာလင်တိုင်းဒေး ခေါ်သလို မြန်မာပြည်မှာတော့ ချစ်သူများနေ့လို့ ခေါ်ဆိုကြပါတယ်။

နိုင်ငံတကာတွေမှာကတော့ ဒီနေ့မျိုးရောက်ရင် လူငယ်လူရွယ်တွေ အချင်းချင်း နှင်းဆီနက်တို့ ချောကလက်တို့ တခြား ပို့စ်ကဒ်လှလှတွေတို့ ပေးကြသလို တချို့တွေက တော့ အချစ်ကြမ်းကြမ်း အနမ်းဖွဖွတွေလည်း ပေးကြတယ်။

မြန်မာပြည်မှာလည်း ကျောင်းသားလူငယ်တွေ ချစ်သူအချင်းချင်းတွေ နှင်းဆီပန်းတွေ ပေးသူပေ ချောကလက်တို့ ချိုချဉ်တို့ ပေးလိုက်ပေးသူပေး အချစ်သစ်တွေ ဖူးစာ အသစ်တွေ ရှာသူရှာနဲ့ ဟိုစပ်စပ် ဒီစပ်စပ် ပန်းခြံမှာတို့ ဘာတို့မှာ လှမ်းသလားနေကြ လေရဲ့။

ထို့အတူပဲ နေပြည်တော်မှာလည်း မကျင်းပစဖူး ချစ်သူများနေ့ အခမ်းအနားကို အထူး အစီအစဉ်နဲ့ ကျင်းပနေပါတယ်။

နေပြည်တော်အတွင်းရှိ ယမမင်းခမ်းမအတွင်းတွင် သန်းကျော်တန်သည့် ရွှေရောင်ပိတ်ကားပေါ်တွင် ဆင်ဆန်းသည့် ထူးခြားသည့် ဆန်တန်စာများကို သုတေသီပညာရှင်များက ဘုရားအတွက် ကောင်းဆုံးဖြစ်အောင် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားပါတယ်။

ရွှေရောင်ပိတ်ကားရဲ့ အလယ်မှာတော့ နာမည်ကြီး ကဗျာဆရာရဲ့ ချစ်သူများနေ့ အထိမ်းအမှတ် ကဗျာတပုဒ်ကိုလည်း ထည်ထည်ဝါ၀ါကြီး ကပ်ထားပါတယ်။

ဖေဖော်ဝါရီ ဆယ့်လေး

အာရင်ဘက်က ပြောတယ်

နာ နာခံစားတတ်မှ ခံစားမှ

ရူးရူးမူးမူးကို ဖြစ်နေမှ

ကြီးမြတ်တဲ့ အနုပညာလို့

မှူးမှုန်မှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ

ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ ရောဂါတဲ့

သန်းပေါင်းများစွာသော ချစ်တတ်သူများ

ရွှေအတိချထားသော လက်များဖြင့် လက်ခုပ်တီး၍ ရယ်ပါ။

စောဝေ

၁-၁၀-၂၀၀၈

အဲဒီ ကဗျာကိုတော့ လာသမျှ ဗိုလ်ချုပ်မှူးကြီးရဲ့ ပရိဿတ်ကတော့ ဖတ်ဖတ်ပြီး သဘောကျပြီး ချီးမွှမ်းတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ မိသားစုကတော့ ပျော်တပြုံးပြုံး နဲ့ပေါ့....

အဲဒီအခမ်းအနားမှာ ၀န်ကြီးတွေ အရာရှိကြီးတွေက လက်ဆောင်ကိုယ်စီနဲ့ လာကြသလို အရာထမ်း ၀န်ထမ်းတွေကလည်း ထို့နည်းတူပေါ့.... ဒါပေမယ့် သူတို့ယူကြတဲ့ လက်တွေတော့ကတော့ ဗူးလေးတွေနဲ့ လုံအောင်ပိတ်ထားကြပါတယ်တဲ့....

ညနေရောက်တော့ ဗိုလ်ချုပ်မှူးကြီးတို့ မိသားစုက စံမြန်းရာ အခန်းထဲမှာ ဖွင့်ကြပါတယ်... ဖွင့်လိုက်တဲ့ လက်ဆောင်ဗူးတွေတိုင်းမှာ သူတို့အထင်နဲ့အမြင် သက်သက်စင်အောင် လွဲနေပါတယ်....

ဗိုလ်ချုပ်မှူးကြီးအတွက် ပေးကမ်းလာတဲ့ အထူးလက်ဆောင်ကတော့ ......
ခွေးသေးပန်းနဲ့ ရောင်စုံ ဆိုက်စုံ အမျိုးသမီး အတွင်းခံ တွေပဲဖြစ်ပါတယ်ခင်ဗျား...

Monks peacefully protest in Pakokku

Mizzima News (www.mizzima.com)

October 31, 2007 - More than 70 Buddhist monks in Pakokku town in central Burma today once again took to the streets in a peaceful protest march, a local monk said.

73 monks from the Sasana Wihmula Monastery, popularly known as the west monastery, began marching the streets at about 8:30 a.m. (local time) and headed east, chanting and reciting the Metta Sutta as they marched, said a monk who witnessed the procession.

"The monks are mainly from the Bodhi Mandaing and Mya Monasteries. They headed to Shwegu Pagoda and chanted the Metta Sutta at the pagoda," said the monk, who requested anonymity for fear of reprisal.

The peaceful march, which is the first since the junta brutally cracked down on monk-led protests last month, comes amidst the Burmese junta's continued crackdown on activists and protestors.

Pakokku, a town in Magwe Division, was the turning point of the recent protests in Burma, which began on August 19th after authorities suddenly hiked fuel prices.

အာဏာရှင်ကို လူသတ်ဖို့ ညွှန်ကြားသူ အသံရှင် ဘယ်သူလဲ


အရှင်ကေလာသ
အောက်တိုဘာ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်

အခုတလော အင်တာနက် သတင်းတွေမှာ အာဏာရှင်တွေကို လူသတ်ဖို့ အကြံပေးတဲ့ ဆရာတော် တပါးရဲ့ အသံဖိုင်ကို နားထောင်ရလို့ တုန်လှုပ်မိပါတယ်။ ဒါလောက် ဗုဒ္ဓသာသနာကို စော်ကားရဲတဲ့ အသံရှင် ‘ဆရာတော်’ ဆိုသူဟာ ဘယ်သူလဲ ဆိုတာကိုလည်း အတိအကျ သိချင်လာပါတယ်။

ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိတဲ့ မိတ်ဆွေ ရဟန်းတချို့ကို ရနိုင်သမျှ စုံစမ်းကြည့်ပါတယ်။ သူတို့ အားလုံးကတော့ ပဲခူးက ဆရာတော် တပါးရဲ့ အသံပဲလို့ ပြောကြပါတယ်၊ အာဏာရှင်တွေရဲ့ လုပ်ကြံ ဖန်တီးမှုလည်း ဖြစ်နိုင်တာမို့ စာရေးသူ အနေနဲ့တော့ အသံရှင် ဆရာတော် ဆိုသူကို ကိုယ်တိုင်လည်း မမြင်ဖူး၊ အသံကိုလည်း အပြင်မှာ တခါမှ မကြားဖူးတဲ့အတွက် အသံရှင် ပုဂ္ဂိုလ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ ယတိပြတ် မပြောလိုပါဘူး။

ဒါပေမဲ့ အသံဖိုင်မှာ ပါတဲ့အတိုင်း ဆိုရင် အသံရှင် ဘုန်းကြီးဟာ “ခမဲပြင် နိဗ္ဗာန်ကားလမ်းကို ဦးစီးပြီး ဖောက်လုပ်တယ်။ မီးရထား ဝန်ကြီးက သူ့ကို ကူညီ ပေးတယ်လို့ နားလည်ရပါတယ်။ ပရိသတ်ထဲမှာ ပါနေတဲ့ ယခု မီးရထားဝန်ကြီး “အောင်မင်း“ ဟာ အရင်တုန်းက တောင်ပိုင်းတိုင်းမှူး ဖြစ်ခဲ့တာမို့ ပဲခူးတိုင်း၊ ကဝမြို့နယ်က ခမဲပြင်ရွာနဲ့ နိဗ္ဗာန်ရွာ ကားလမ်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ အသံဖိုင်မှာ “ဆရာတော့် ကျောင်းမှာ သံဃာ တထောင်ကျော် တထောင့် နှစ်ရာလောက် နေ့တိုင်း ဆိုရတယ်၊ ကဲ ... လိုက်ဆိုစမ်း” လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် အသံရှင်ဟာ ပဲခူးနယ်က သံဃာ ၁၂ဝဝ လောက်ရှိတဲ့ ကျောင်းတိုက်ကြီး တခုက ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဝန်ကြီးနဲ့ တိုင်းမှူး အဆင့်ရှိတဲ့ လူတွေကို စကားပြောခွင့် ရတာမို့လို့ အဲဒီ ကျောင်းတိုက်ရဲ့ အဓိက ပုဂ္ဂိုလ်ပဲ ဖြစ်ပါလိမ့်မယ်။ အသံရှင်ဟာ မည်သူပင် ဖြစ်စေ သူ့လုပ်ရပ်က သံဃာထု တရပ်လုံးကို သိက္ခာကျစေတာ ဖြစ်လို့ ငြိမ်မနေသင့်ပါဘူး။ အသံရှင် အစစ်အမှန်ကို သိဖို့ထက် သူလုပ်တဲ့အလုပ် မမှန်တာကို ထောက်ပြဖို့က ပိုအရေးကြီးတယ်လို့ ယူဆပါတယ်။

အသံရှင် ပြောတဲ့စကား

အသံရှင်က အာဏာရှင်တွေကို ပြောတဲ့စကားကို စဉ်းစားကြည့်ပါမယ်။

အသံရှင်ဘုန်းကြီးက ပရိသတ်ကို - “အတိုက်အခံတွေဟာ ခင်ဗျားတို့ရဲ့ မိတ်ဆွေလား၊ ရန်သူလား” လို့ မေးပြီး အသံရှင်ကိုယ်တိုင် “ရန်သူ” လို့ ရှေ့က ဖြေလိုက်တော့ ... အာဏာရှင် ပရိသတ်က “ရန်သူပါ ဘုရား” လို့ လိုက်ပြီးတော့ အော်တယ်။

အဲဒီနောက် အသံရှင်က “မီးကြွင်း မီးကျန်လည်း မထားနဲ့၊ ရန်ကြွင်း ရန်ကျန်လည်း မထားနဲ့။ မြန်မြန်ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်၊ လွှနဲ့ ပြတ်ရင် လွှနဲ့ဖြတ်၊ တုတ်နဲ့ပြတ်ရင် တုတ်နဲ့ဖြတ်၊ ဓားနဲ့ပြတ်ရင် ဓားနဲ့ဖြတ်၊ ပုဆိန်နဲ့ပြတ်ရင် ပုဆိန်နဲ့ဖြတ်၊ လက်သီးနဲ့ပြတ်ရင် လက်သီးနဲ့ဖြတ်။ ဝန်ကြီး ... မြန်မြန်ဖြတ်ဆိုတာ နားလည်သွားပြီလား” လို့ ဆက်မေးတယ်။ ဝန်ကြီးဆိုသူနဲ့ အပေါင်းပါတွေက “နားလည်ပါပြီ ဘုရား“ တဲ့။ အတိုင်အဖောက် ညီလိုက်တဲ့ ဖြစ်ခြင်း။ ဝန်ကြီးတွေကိုတောင် သြဝါဒ ပေးခွင့်ရှိတဲ့ သံဃာ့ ခေါင်းဆောင် ဆရာတော် တပါးရဲ့ နှလုံးသားဟာ ဒါလောက် အောက်တန်းကျပြီး မယုတ်မာသင့်ပါဘူး။ “ကိုယ့်မျက်လုံးကို ဖောက်ရင် သူ့မျက်လုံးကို ပြန်ဖောက်၊ ကိုယ့်နံရိုးကို ချိုးရင် သူ့နံရိုးကို ပြန်ချိုး၊ ကိုယ့်သွားကို ချိုးရင် သူ့သွားကို ပြန်ချိုး” လို့ဆိုတဲ့ လက်စားချေ တရားနဲ့ ဘာထူးသေးလဲ။ “လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်” လို့ ပြောတဲ့ အသံရှင်ကို လူ့အရည်အချင်းဆိုတာ ဘာလဲ၊ ကိုယ်တိုင်ကော လူ့အရည်အချင်း ရှိရဲ့လားလို့ ပြန်မေးရလိမ့်မယ်။

အသံဖိုင် တခုလုံးရဲ့ လိုရင်းကတော့ အတိုက်အခံတွေကို ရန်သူလို့ သတ်မှတ်ပြီး ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းပစ်ဖို့ အာဏာရှင်တွေကို “ဆရာတော်” ဆိုသူ အသံရှင်ဘုန်းကြီးက “လမ်းညွှန်တာ၊ တိုက်တွန်းတာ၊ အားပေးတာ၊ သတ်ပစ်ဖို့ ခိုင်းတာ” ဖြစ်ပါတယ်။ ဒါကြောင့် အသံရှင် ဘုန်းကြီးဟာ ဘယ်နည်းနဲ့မှ လူ့အရည်အချင်းရှိတဲ့ သူတော်ကောင်း ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး။

ဝိနည်းအပြစ် ဘာလဲ

(၁) လမ်းပေါ်မှာ မေတ္တာ ပို့နေကြတဲ့ ရဟန်းတော်တွေဟာ လူသားစင်စစ် ဖြစ်ပါတယ်။

(၂) သူတို့တွေ အသက်ရှင်နေတယ် ဆိုတာကိုလည်း အသံရှင်ဘုန်းကြီး သိပါတယ်။

(၃) “ဒုတ်နဲ့ ဖြတ်၊ ဓားနဲ့ ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်” လို့ အူလှိုက်သဲလှိုက် ပြောလိုက်တဲ့ အသံရှင်ရဲ့ စကားထဲမှာ သေစေလိုတဲ့ စေတနာ မပါဘူးလို့ ငြင်းလို့ မရပါဘူး။

(၄) အဲဒီလို ရန်သူကို အမြစ်ပြတ် ရှင်းပစ်ဖို့ အာဏာရှင်တွေကို ညွှန်ကြားတဲ့အခါ လက်နက် အမျိုးအစား၊ အချိန်ကာလ၊ နေရာဒေသ စတဲ့ သတ်မှတ်ချက်တွေ မပါလို့ အာဏာရှင်ရဲ့ လက်ပါးစေ လူသတ်သမားတွေက ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လက်နက်၊ ဘယ်နည်းနဲ့မဆို ဘယ်သူ့ကိုပဲ သတ်သတ် စေခိုင်းသူ အသံရှင်ဘုန်းကြီးရဲ့ ပယောဂ မကင်းတာ သေချာပါတယ်။

(၅) ရဟန်းသံဃာတွေ၊ လူတွေ သေနတ်နဲ့ ပစ်ခံရ၊ ဒုတ်နဲ့ ရိုက်ခံရ၊ နည်းမျိုးစုံ နှိပ်စက်ခံရလို့ လမ်းပေါ်မှာ တမျိုး၊ မြစ်ထဲမှာ ပေါလောမျောလို့ တဖုံ၊ လူမသိ သူမသိနဲ့ပါ သေကြေတာကို ကမ္ဘာ အရပ်ရပ်က ရုပ်မြင်သံကြားတွေ၊ အသံလှိုင်းတွေမှာ သန်းချီတဲ့လူတွေ မြင်ရကြားရပြီး ဖြစ်ပါတယ်။ ဘာမှ အပြစ်မရှိတဲ့ ဂျပန် သတင်းထောက်ကို အာဏာရှင် လက်ပါးစေတွေက သေနတ်နဲ့ ပစ်သတ်လိုက်ပုံ အသေးစိတ်ကို ကမ္ဘာ့ ရုပ်မြင်သံကြားတွေမှာ ပြသတာကို တွေ့မြင်ရလို့လည်း တကမ္ဘာလုံးက လူတွေ မျက်ရည်ကျမတတ် ခံစားခဲ့ကြရပါတယ်။

ဒါကြောင့် ရဟန်းသံဃာနဲ့ လူတွေကို အပြတ် ရှင်းပစ်ဖို့၊ သတ်ပစ်ဖို့ အာဏာရှင်တွေကို လမ်းညွှန် သြဝါဒပေးတဲ့ အသံရှင် ဘုန်းကြီး အနေနဲ့ ဝိနည်းကို သင်ဖူးတယ်ဆိုရင် ဖော်ပြထားတဲ့ “လူသတ်အင်္ဂါ ငါးရပ်” နဲ့ ပြည့်စုံနေလို့ မိမိဟာ ရဟန်းကောင်း၊ ရဟန်းစစ် မဟုတ်တော့ဘူး ဆိုတာကို ကိုယ့်ဟာကိုယ် သိနေလောက်ပါပြီ။ အသံဖိုင်ထဲက တချို့ စကားလုံးတွေဟာ သူတော်ကောင်း ရဟန်းတွေ ပြောဆိုကောင်းတဲ့ စကားမျိုး မဟုတ်ပါဘူး။ အာဏာရှင်ကို ဒံပေါက်ထုပ်ကလေး ပေးလိုက်နိုင်တာကို “ဖား” စိတ်နဲ့ အသားယူ ပြောတာမျိုး၊ “ဝန်ကြီး” “ဗိုလ်ချုပ်ကြီး” စတဲ့ မြှောက်ကော် ဝေါဟာရတွေနဲ့ ခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေကြောင့် အလှူပစ္စည်း ရအောင်ကြံတတ်တဲ့ “ကုဟက” “လပက” လို့ ခေါ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ “သီလကြောင် ပုဂ္ဂိုလ်” ပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ပြောတဲ့ ဘုန်းကြီးအတုဆိုတာ တခြား သွားမရှာပါနဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ အာဏာရှင်တွေဟာ မိမိကို ပေါင်းစားတဲ့ “ကြောင်သူတော်တွေ” ကို ဆည်းကပ်လေ့ ရှိပါတယ်။

သူတော်ကောင်း ရဟန်းတပါးအနေနဲ့ ကိုယ့်တဝမ်းတခါး စားရဖို့ လူဒါယကာ တယောက်ကို အဲဒါလောက် မြှောက်ပင့်ခယ ဝပ်တွားစရာ မလိုပါဘူး။ ဘုရားတန်ဆောင်းတွေမှာ ချိတ်ထားတဲ့ ကောသလမင်း အိပ်မက် သရုပ်ဖော် ပန်းချီကားချပ်တွေမှာ တွေ့ရတဲ့ ခွေးလိုလို၊ ဆိတ်လိုလို ကောင်တွေကို ဦးခေါင်းသေးသေး၊ နှာခေါင်းကြီးကြီး၊ နဖူးမောက်မောက်နဲ့ ခွေးခြင်္သေ့တွေ ဝန်းရံ ခစားနေတာကို အမှတ်ရစေပါတယ်။ တကယ့်ကို ဇောက်ထိုး ပြောင်းပြန်ကြီးပါ။

စဉ်းစားကြည့်ပါ

ကိုယ်တယောက် ရနိုင်စရာရှိတဲ့ မဆိုစလောက် အခွင့်အရေးကြောင့် အာဏာရှင်တွေရဲ့ ရက်စက် ယုတ်မာမှုကို အားပေး အားမြှောက်လုပ်ရင် ကိုယ်အပါအဝင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး။ စဉ်းစား ကြည့်စေချင်ပါတယ်။

(၁) အသံရှင် ကိုယ်တိုင်မှာ အလိုအလျောက် ရဟန်းအဖြစ်က လူ့အဖြစ်သို့ လျှောကျ သွားခဲ့ရတယ်။ (သင်္ကန်း ဝတ်ထားပေမယ့် ဘုန်းကြီး မဟုတ်တော့ဘူး။ အာဏာရှင်တွေ သုံးနှုန်းတဲ့ သင်္ကန်းဝတ်ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်သင့်ပါတယ်)။

(၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ မငြိမ်းတဲ့အပြင် ရဟန်းသံဃာ၊ တိုင်းပြည့်လူထုနဲ့ အာဏာရှင် လူတစုအကြား ရန်òငိးတွေ ပိုမို ကြီးထွားသွားခဲ့ရတယ်။

(၃) အပြစ်မဲ့တဲ့ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်၊ ပြည်သူ များစွာတို့ မသေသင့်ဘဲ သေဆုံးကြရတယ်။

(၄) အနာဂတ် ဗုဒ္ဓသာသနာရဲ့ အာဇာနည်လောင်းတွေ ဖြစ်တဲ့ စာသင်သား သံဃာငယ်တွေ အတင်းအဓမ္မ လူဝတ် လဲခံရတယ်။

(၅) ဗုဒ္ဓကျမ်းစာကို သင်ကြား ပို့ချပေးတဲ့ စာသင်တိုက်ကြီးတွေ ညအချိန်မှာ စစ်နယ်မြေက ရန်သူ့စခန်းလို ဥပဒေမဲ့ အဓမ္မ ဝင်ရောက် စီးနင်း၊ လုလက်ဖျက်ဆီး၊ သတ်ဖြတ် ခံကြရတယ်။

(၆) “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို ဗုဒ္ဓအဆုံးအမ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူမဆန်တဲ့ ရိုင်းစိုင်း ရက်စက်မှုတွေ ဖြစ်ပေါ်နေတာကို ကမ္ဘာက သိမြင်သွားလို့ တမျိုးသားလုံး အရှက်တကွဲ ဖြစ်ရတယ်။

(၇) အာဏာရှင်တွေ သက်ဆိုးရှည်သလောက် တိုင်းပြည် လူထုရဲ့ဘဝ ဆင်းရဲတွင်း နက်စေတယ်။

လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်လို့ အာဏာရှင် ပရိသတ်ကို လိုက်ဆိုခိုင်းခဲ့တဲ့ ဆရာတော်ဆိုသူ အာဏာရှင်ရဲ့ အလိုတော်ရိ “ဖော်လံဖား” ကိုယ်တိုင်မှာ လူ့အရည်အချင်း လူ့ဂုဏ်သိက္ခာ ကင်းမဲ့လို့ ဖော်ပြပါ အကျိုးဆက်တွေ ဖြစ်ခဲ့ရတာပါ။

မသူတော်ကို ရှောင်ပါ

အသံရှင် ဘုန်းကြီးအနေနဲ့ အာဏာရှင်ကို ထောက်ခံတယ် ဆိုရင်လည်း သူ့ရဲ့ ရွေးချယ်မှုပဲ ဖြစ်လို့ မဝေဖန်လိုပါဘူး။ လွတ်လပ်ခွင့် ရှိသင့်ပါတယ်။ ဒါပေမဲ့ အသံရှင် “ဆရာတော်” ဆိုသူရဲ့ နည်းလမ်းမကျ မှားယွင်းတဲ့ လမ်းပြစကား၊ လူတွေကို သတ်ဖြစ်အောင် အားပေးတဲ့ စကားတွေကြောင့် လက်နက်ဆိုလို့ မေတ္တာ ပို့သံမျှသာ ပါရှိတဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ပြီး မိမိဆန္ဒကို ဖော်ပြနေကြတဲ့ အပြစ်မရှိတဲ့ စာသင်သား ရဟန်း သံဃာတော်တွေ၊ ကျောင်းသား လူငယ်တွေ၊ ပြည်သူပြည်သားတွေ မမြင်ရက်၊ မရှုရက်လောက်အောင် သွေးမြေကျရတာကတော့ သမိုင်းတွင်ရစ်တဲ့ တကယ့် အဖြစ်ဆိုးကြီးပါ။

ဒါကြောင့် ၁၂ဝဝ ကျော်ရှိတဲ့ အဲဒီ ကျောင်းတိုက်က တပည့် သံဃာတော်တွေကိုရော ထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေကိုပါ “အသေဝနာ စ ဗာလာနံ” ဆိုတဲ့ မင်္ဂလာ တရားတော်အတိုင်း သူတော်ကောင်း မဟုတ်တဲ့ အဲဒီလို သူတော်ယောင် ပုဂ္ဂိုလ်မျိုးကို ရှောင်ကြဉ်ဖို့ အကြံပေး တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီလိုပုဂ္ဂိုလ်ကို ဆက်လက်ပြီး ထောက်ပံ့ အားပေးနေအုံးမယ်၊ ဆရာအဖြစ် ကိုးကွယ်နေအုံးမယ် ဆိုရင် လူမိုက်နောက်လိုက်၊ အဓမ္မရဲ့ ဘက်တော်သားတွေပဲ ဖြစ်နေမှာမို့ပါ။

အာဏာရှင်တွေရဲ့ သံဃာကို သင်းခွဲတဲ့ လုပ်ကြံဖန်တီးမှု မဟုတ်ရင် ဒီအသံဖိုင်ကို စစ်ရုံးကနေ အပြင်ရောက်အောင် ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ဟာ အဓမ္မကို အဓမ္မမှန်း သိတဲ့ လူကောင်း သူကောင်း တယောက် ဖြစ်ပါလိမ့်မယ်။

သြဝါဒဆိုတာ

အသံဖိုင်ထဲမှာ “သြပါဒ ခံယူပွဲ” တဲ့။ စကားလုံး ဝေါဟာရကတော့ ခမ်းနားလှပါရဲ့။ ဒါပေမဲ့ စကားလုံး လှပသလောက် အလုပ်က အရုပ်ဆိုးနေပါတယ်။ ဟုတ်ပါတယ်၊ သြဝါဒဆိုတာ မကောင်းတာကို မလုပ်ဖို့ တားမြစ်ပြီး ကောင်းတာကို လုပ်ဖို့ ညွှန်ကြားတာ၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားတတ်အောင် သင်ကြားပေးတာပါ။ “သြဝါဒ” ဟာ ဘယ်နည်းနဲ့မျှ “လူသတ်လမ်းညွှန်” မဖြစ်သင့်ပါဘူး။

ပထမ ရွှေကျင် ဆရာတော် ဘုရားကြီးရေးတဲ့ “ဝိစိတြဝန္ဒနာ ဘုရားရှိခိုးကျမ်း” မှာ ဗုဒ္ဓဟာ မိမိကို သေကြောင်းကြံတဲ့ အရှင်ဒေဝဒတ် ကိုတောင် သားတော် ရာဟုလာနဲ့ထပ်တူ မေတ္တာ ထားတော်မူတယ်လို့ ရေးထားပါတယ်။

ဒါကြောင့် အာဏာရှင်တွေကို စကားပြောခွင့်ရတဲ့ အသံဖိုင်ထဲက အသံရှင် ဘုန်းကြီးအနေနဲ့ “ရန်လိုရင် ရန်ပိုတယ်၊ ရန်မလိုမှ ရန်ပြိုတယ်” ဆိုတဲ့ ဒုတိယရွှေကျင် သာသနာပိုင် ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးရဲ့ သြဝါဒကို ပေးလိုက်နိုင်ရင် အနည်းဆုံး အတိုက်အခံနဲ့ အာဏာရှင်တွေ အကြား ရန်သူလို သဘောမထားဘဲ တင်းမာမှုတွေ လျော့သွားပြီး အာဏာရှင်တွေ အနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူကို မသတ်မိအောင် ဆင်ခြင်ကောင်း ဆင်ခြင်သွားစေ နိုင်ခဲ့မှာပါ။ ဒီလိုဖြစ်ခဲ့ရင် အသံရှင် ပုဂ္ဂိုလ်ဟာလည်း (ရွှေဥမင် ဆရာတော်ရဲ့ စကားအတိုင်း) “လောကတွင် အလွန့်ယောက်ျား” ဖြစ်သွားနိုင်ခဲ့မှာပါ။ ခုတော့ သူ့ခမျာ တသက်လုံး ထိန်းသိမ်းလာတဲ့ သိက္ခာတွေ၊ လုပ်ဆောင်ချက်တွေ တခါတည်း စုန်းစုန်း နစ်ရရှာပြီပေါ့။

(ဗုဒ္ဓသာသနာကို ထိခိုက်လွန်းလို့ပါ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ကို မရည်ရွယ်ပါဘူး။)

အစိုးရသတင်းစာ ကျင့်ဝတ်နှင့်မညီဟု မြန်မာသတင်းသမဂ္ဂက ဝေဖန်

ခွန်အောင်မြတ်။

Network Media Group
အောက်တိုဘာလ ၈ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်အစိုးရထုတ် သတင်းစာများတွင် ပြည်ပအခြေစိုက် ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေ အသံလွှင့် ဌာနများမှ ထုတ်လွှင့်သည့် သတင်းများကို မယုံကြည်ကြရန် ဖော်ပြထားသည်ကို ပြည်ပအခြေစိုက် မြန်မာသ တင်းသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်သည်။

“ကျနော့်အမြင်ပြောရရင် ဒီဟာက တော်တော်ကို သူတို့ မရှက်မကြောက် ရေးလိုက်တာပါ။ သူတို့ လေလှိုင်းတွေနဲ့ ပတ်သက်ပြီးတော့ သတင်းစာတစ်စောင်ကနေပြီးတော့ တခြား သတင်းဌာနကြီးတခု ကို အကယ်၍ သတင်းအပေါ်မှာ မကျေနပ်လို့ရှိရင် သူတို့ ထောက်ပြလို့ ရတယ်၊ ဝေဖန်လို့ ရတယ်၊ ရေးသားလို့ရတယ်။ အခုဟာကြီးက စာလုံးမည်းကြီးနဲ့ ရေးပြီးတော့ ဒီဟာက သတင်းစာကျင့်ဝတ် စည်းကမ်း အရဆိုလို့ရှိရင် မရေးသင့်၊ မလုပ်သင့်တဲ့ အပြုအမူကြီးပါ။ ဝေဖန်လို့ရပါတယ်၊ ထောက်ပြ လို့ရပါတယ်၊ ရှင်းပြလို့ရပါ တယ်၊ အခုဟာက သက်သက်မဲ့ မရှက်မကြောက် ခေါင်းစဉ်တပ်ပြီးတော့ ရေးလိုက်တဲ့ဟာပါ။” ဟု အထွေထွေအတွင်းရေးမှူး ဦးစံမိုဝေက ပြောသည်။

ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၏ နောက်ကြောဖုံးတွင် မိုးလုံးပြည့် မုသာဝါဒီ အာရ်အက်ဖ်အေ၊ ဗွီအိုအေ နှင့် ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေ ဘီဘီစီ အဖျက်သမားများ သတိထား၊ အာရ်အက် အေ၊ ဗွီအိုအေနှင့် ဘီဘီစီ လေလှိုင်းပေါ်က လူသတ်သမားများ၊ ပြည်သူအားလုံး သတိထား။ နှင့် မိုးလုံး ပြည့် မုသာဝါဒီတွေ တိုင်းပြည်ပျက်အောင် လုပ်နေသည်၊ ဘီဘီစီ ညာနေသည်၊ ဗွီအိုအေ လိမ်နေသည်၊ အာရ် အက်ဖ်အေ ရန်တိုက်ပေးနေသည်၊ အဲဒီ ဝေသာလီ ပုဏ္ဏားများ။ မယုံလေနဲ့ သတိထား ဟု စာလုံးအမည်းကြီး များဖြင့် ဖော်ပြထားသည်။

သတင်းအမှားအမှန်ကို ပရိသတ်က အဆုံးအဖြတ်ပေးသွားမည်ဟု ဦးစံမိုဝေက ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းတွင် နအဖက တယ်လီဖုန်းများ အကန့်အသတ်ထားခြင်း၊ ဖုန်းလိုင်းတချို့ ဖြုတ်ပစ် ခြင်း၊ အင်တာနက် ဆက်သွယ်ရေးတို့ကို ဖြတ်တောက်ခြင်းနှင့် မြို့တွင်း လမ်းသွားလမ်းလာများကိုလည်း ကင်မ ရာကိုင်ဆောင်ပါက ဖမ်းဆီး ပြဿနာ ရှာနေခြင်းတို့သည် ပြည်တွင်း သတင်းအမှန်များကို ပြည်ပသို့ မပေါက် ကြားစေရန်၊ သတင်းဌာနကြီးများ သတင်းအမှန်မရရှိနိုင်စေရန် သတင်းမှန်ကို စစ်အစိုးရက ကြိုးစားဖုံးဖိနေ ခြင်း ဖြစ်သည်ဟု မြန်မာသတင်းသမဂ္ဂက ထောက်ပြသည်။

မြန်မာစစ်အစိုးရမှ သတင်းများကို ဖုံးကွယ်ထားခြင်း၊ သတင်းမှားများကို ထုတ်လွှင့်နေခြင်း အပေါ် ပြည်သူများက ယုံကြည်လက်ခံကြခြင်း မရှိဟု ပြည်တွင်း ပြည်ပသတင်းများကို အဆက်မပြတ်ကြည့်ရှုနားထောင်နေသည့် ပြည် သူတဦးက ပြောသည်။

“ယနေ့ခေတ်ကြီးတွေက တိုးတက်နေတဲ့ နိုင်ငံကြီး။ ကျနော်တို့ ငါးမိနစ် အခု ချက်ချင်း လက်ငင်း ဖြစ်ပျက်နေတဲ့ ဥစ္စာကို အင်တာနက်တို့၊ ဟိုဒင်းတို့က အကုန်လုံး တွေ့နေ မြင်နေရတယ်။ တကမ္ဘာ လုံးကလည်း တွေ့ရတယ်။ ယနေ့ ကျနော်တို့ ကိုးကွယ်နေတဲ့ ဦးခေါင်းပေါ် မှာ ဦးထိပ်တင်ထားတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ရဟန်းတွေကိုတောင်မှ သူတို့ သတ်ရက်သေး တာပဲ။ အဲဒါကို သူတို့က မသတ် ဘူး။ ဒီရဟန်းတွေက ရဟန်းတုတွေပါ ဆိုတာ လုံးဝလည်း မဖြစ်နိုင်ဘူး။ ဒီလောက် သံဃာတွေ သောင်း ချီပြီးထွက်လာတယ်။ နောက် ဘုန်းကြီးကျောင်းတွေ သူတို့ ၀င်ဖျက်တယ်။ ဘုန်းကြီးတွေကို ရိုက်တယ် နှက်တယ်။ အဲဒါတွေက လိမ်ညာလို့ မရတဲ့ ပြယုဒ်တွေပဲ။ မြန်မာ့အသံတို့၊ အမ်အာရ် တီဗွီတို့၊ မြ၀တီတို့က ဘယ်လိုပဲ ပြောပြော ကျနော်တို့တွေက ဦးနှောက်မဲ့နေတဲ့ လူတန်းစားတွေ မဟုတ်ဘူး။ မြန်မာပြည်တွင်းမှာ ကျန်နေတဲ့ လူတွေကလည်း ဦးနှောက်မဲ့နေတဲ့ လူတန်းစားတွေ မဟုတ်ပါဘူးလို့ ကျနော် ဆိုလိုချင်တယ်။”

ယမန်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် မန္တလေးမှ သံဃာတော်များသည် ပခုက္ကူသို့ လှေ၊ မော်တော် များဖြင့် စုန်ဆင်းလာကြောင်း၊ ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် သံဃာတော် များ ဆန္ဒပြကြကြောင်းနှင့် ပဲခူးမြို့ မှ ကြခတ်ဝိုင်းကျောင်းတိုက်ရှိ သံဃာတော်များ ထောင်နှင့် ချီ၍ ဆန္ဒပြသည်ဆိုသည့် သတင်းများသည် မှန်ကန်မှု မရှိဘဲ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

မြန်မာပြည်ရှိ စာနယ်ဇင်းများသည် စာပေစိစစ်ရေးဌာနကို ဖြတ်သန်းပြီးမှသာ ထုတ်ဝေခွင့် ရရှိနေကာ သတင်းစာ လွတ်လပ်ခွင့်ကို အစိုးရက တင်းကျပ်စွာချုပ်ကိုင်ထား၍ ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက် များ အသင်းက မြန်မာပြည်သည် စာနယ်ဇင်း လွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်ကြောင်း ထုတ် ပြန်ခဲ့သည်။




UN Gambari Meet Aung San Suu Kyi+Cruel Man Than Shwe and Singapore PM





Japanese Journalist killed in Burma Protest in Sept 2007 back to Japan





Update News September 28, 2007


Japanese Photo Journalist Killed in SPDC Crack down

မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ အသက်ပေးသွားရတဲ့
အသက်(၅၀)အရွယ် ဂျပန်ဗွီဒီယိုသတင်းထောက် Kenji Nagai


ဓာတ်ပုံ ရိုက်တာ

Burma Protest Update Situation (September 28, 2007)

September 28, 2007

Mizzima News (www.mizzima.com)

September 28, 2007 - Burmese Air Force planes airborne

Military aircrafts from the Matehtilar airbase are airborne. It is not known why the aircrafts have scrambled. On the other hand there is commotion in the Light Infantry Division 33 and 99 of the Burma Army. The exact nature of the commotion cannot be determined as yet.

Troops marching to Rangoon

There is an urgent report that Burmese troops from middle Burma has started to march towards Rangoon. The reported troops are from Central Command based in Taung Oo and South East Command. At this reporting, it is not clear if the troops are marching to reinforce or to challenge the troops in Rangoon for shooting the Buddhist monks.

September 28, 2007
Situation in Rangoon

(Burmese Standard Time)
2:50 p.m
"People are now shouting slogans on Pansodan Street. And from the corner the street, the soldiers are watching. The people are shouting and running. Now there are more than 10,000 people here. But soldiers' strength remains the same. What we fear is they will come form behind and block us," a protester told Mizzima.

2:45 p.m
Police this morning seized a fighting peacock flag brought by students on the 27th Street in Rangoon.

2:20 p.m
Protesters defy junta's order for the third day

More than 100 protesters have gathered on Pansodan Street and begun to demonstrate. More people are seen joining the demonstration.

2:10 p.m
Protesters versus troops in Sule

There are about 1500 protesters who have gathered near the Thamada cinema hall.Soldiers are waiting for them to come to Sule pagoda.

2:00 p.m
Military trucks leave North Okklapah

About 17 military trucks, was positioned at Maelahmu pagoda in North Okklapah, were seen moving out of the township through the Kabba Aye Pagoda Street.

An eyewitness said:

"I heard that there were military trucks in our locality, so I went out to look and saw 17 military trucks positioned at Maelahmu pagoda. But from there all the trucks moved back at about 1 p.m. (local time) towards Rangoon. They went through the Kabba Aye pagoda road. In one truck there were about 30 to 40 soldiers. No soldiers were left behind. I heard rumours that there is diverse opinion in the military. But it cannot be confirmed. Because they just came here and there are no shootings and it is difficult ot find out what is going on between them."

"The soldiers were stationed at Maelahmu pagoda at about 9:30 or 10 this morning. But now there are no more soldiers. All of them went back. And everything is normal now, and there are no protests here"

"At the Mealahmu pagoda there is a monastery. We thought that the soldiers must have come to the monastery. But they did nothing to the monastery, and they all headed to Rangoon through Kabba Aye Pagoda road."

1:50 p.m
Sporadic protest in Theingyi Market

"Earlier there were about 5000 protesters. They were closeted on the road near Theingyi market, so they disperses. We don't know where they will go and gather. We cannot see the other end but on this side there are three military trucks blocking the road. There are about 100 soldiers," an eyewitness told Mizzima.

1:30 p.m
The troops in Rangoon not backing off

"They went inside Maelahmu pagoda in North Okklapah Township. In front of the pagoda they parked a jeep which carried members of the Swan Arrshin. It is as if they are blocking the road not to allow any civilians to enter. There are about four military trucks, and I think they are putting people inside the trucks. The troops in Rangoon are not backing off but their numbers are increasing. And they are choosing places where the people are to be transfered," an analyst told Mizzima.

Situation in Rangoon

"A lot of people are saying that we must fight against the junta because we will not get the same opportunity later. We must end this show now. They were talking among themselves. And they were unhappy. A lot of people in the locality also talked the same way. They said even today they will continue," a source in Rangoon told Mizzima.

More than 30 security personnel in camouflage fatigues were seen inside the compound of Tharmwe basic high school No. 3 and N.4.

Though all government schools are open, most of the students did not attend.

Soldiers and security forces are seen continuously patrolling the city and barbed wire barricades have been put outside the police station in Kyauktada Township in the heart of the city. In the police station more soldiers and policemen are being sent as reinforcements. Many security personnel are deployed in the Sule area.

Junta arrest more monks including Sayadaw [senior Sangha] U Nyanihthara of Thapeikaing.

11:15 a.m
The Burmese authorities since this morning has disconnected all internet lines.

11:00 a.m
Decay in junta's administrative mechanism

"The Township Peace and Development offices are closed since yesterday. Some officials are avoiding office. Some have gone into hiding. The administrative mechanism is starting to decay and it is affecting up to the district level. We are not even daring to stay in our own house," a local resident of Tharmwe told Mizzima.


စက်တင်ဘာ ၂၈ ရက် ၂၀၀၇
ပြည်မှ ရန်ကုန်သို့ ဆင်းသွားသည့် တပ်မ ၆၆ မြောက်ဥက္ကလာတွင် လူထုနဲ့ ပေါင်းလိုက်ပြီဟု သိရှိရပြီး စစ်တပ်အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပေါ်နေဟု သတင်များထွက်ရှိနေသည်။
============================================
စက်တင်ဘာ ၂၈ ရက် ၂၀၀၇

မြောက်ဥက္ကလာပ မယ်လမုဘုရားအနီး ဘုန်းကြီးကျောင်ကို စစ်တပ်မှ ၀ိုင်းရံထားကြောင်း စစ်တပ်ကို ပြည်သူများက ထပ်မံဝိုင်းရံထားသည်ဟု မျက်မြင်တဦးပြောသည်။ စတင်ပစ်ခတ်ပြီဟု ကြားသိရသည်။

လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ


ဒေါက်တာလွဏ်းဆွေ၏ အကြံပြုစာ

နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှဖြစ်မယ်

ကိုဌေးကြွယ်တို့ အုပ်စုဖြစ်ဖြစ် သံဃာတွေနဲ့တိုင်ပင်ပြီး ပြည်သူ့အစိုးရ မြန်မြန်ဖွဲ့ မြန်မြန်ကြေညာပြီး နအဖကို တိုက်မှဖြစ်မယ်။ ပြီးမှ UN ငြိမ်းချမ်းရေးတပ်ကို ၀င်ဖို့ အကူအညီတောင်းရမယ်။ အန်အယ်လ်ဒီစီအီးစီတွေလည်း ဘယ်ရောက်နေမှန်းမသိ။ လွှတ်တော်အမတ်တွေလည်း ဘယ်ဆီမှာလဲ မသိ။ လုံခြုံတဲ့နေရာမှာရှိတဲ့ ကိုဌေးကြွယ် တို့အုပ်စုသာ အစိုးရအဖွဲ့ကြေညာပြီး နအဖကို မြန်မြန်တိုက်ပါ။ အားလုံးကလည်း နိုင်ငံရေး step တခု မြှင့်တဲ့အနေနဲ့ ထောက်ခံကြပါ။ နိုင်ငံရေး step တခုကို မမြှင့်နိုင်ရင် အကုန်လုံး သေကုန်ပါလိမ့်မယ်။ သံဃာတွေနဲ့ တိုင်ပင်ပြီး အစိုးရမြန်မြန်ဖွဲ့ကြပါ။ အစိုးရဖွဲ့ပြီးတိုက်ခြင်းသာ နအဖအမြန်ပြုတ်မယ့်နည်း ဖြစ်ပါတယ်။ ဆရာဝင်လုပ်ခြင်းမဟုတ်ပါ။ သံဃာနဲ့ပြည်သူတွေ များများမသေအောင် စေတနာနဲ့ အကြံပြုတာပါ။
ဒေါက်တာလွဏ်းဆွေ
====================================

ငွေကြာရံသို့ အရုဏ်ဆွမ်းပို့ သူများအား စစ်တပ်မှ မောက်မာရိုင်းစိုင်း

စက်တင်ဘာ ၂၈ ရက်၂၀၀၇
မြန်မာစံတော်ချိန် ၁၀း၂၀ နာရီ

ယနေ့ မနက်ပိုင်းက တောင်ဥက္ကလာရှိ ငွေကြာရံကျောင်းတိုက်သို့ အရုဏ် ဆွမ်းသွားပို့သော သူများအား ဘုန်းကြီးကျောင်း အတွင်း တပ်စွဲထားသည့် စစ်တပ်မှ နှင်ထုတ် ကြောင်းနှင့် ကျောင်းတိုက်အတွင်း သံဃာတပါးမျှကိုမှ မတွေ့မြင်ခဲ့ရ ကြောင်းသိရသည်။ ကျောင်းတိုက်အတွင်း တပ်စွဲထားသည့် စစ်တပ်မှ အရုဏ်ဆွမ်းပို့သူများကိုလည်း ခြိမ်းခြောက်၊ ကြိမ်းမောင်းလိုက်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ တဦးမှ ပြောပြသည်။
ဆုံဆည်းရာ Blog မှ
==============================================

ယမန်နေ့ ညက သံဃာများ ထပ်မံဖမ်းဆီးခံရ

စက်တင်ဘာ ၂၈ ရက်၂၀၀၇
မြန်မာစံတော်ချိန် ၁၀း၂၀ နာရီ

ယမန်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲ၌ စစ်အုပ်စုမှပစ်ခတ်ခိုင်းသော သူများသည် စစ်သား အစစ်များမဟုတ်ပဲ ထောင်သားများအား လေ့ကျင့်သင်ကြားပေးပြီး ဆေးတိုက်၍ ပစ်ခတ် ၏ခိုင်းခြင်းဖြစ်ကြောင်း ယုံကြည် စိတ်ချရသော သတင်းရပ်ကွက် တခုမှပြောသည်။ ထို့ပြင် ယမန် နေ့ ညက ဒေါပုံမြို့နယ် ရွာလည် ဘုန်းကြီးကျောင်းအား လည်းကောင်း၊ ကြည့်မြင်တိုင်မှ အေးစေတီ ကျောင်းအားလည်းကောင်း၊ မြောက်ဥက္ကလာ သံသုမာလမ်းတလျှောက်ရှိ ကျောင်းတိုက်များကို လည်းကောင်း၊ စစ်တပ်မှဝင်ရောက်ကာ သံဃာအပါး ၃၀၀ ခန့်အား ကြမ်းတမ်းစွာ ဆဲဆို ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဆုံဆည်းရာ Blog မှ
==========================================================
စက်တင်ဘာ ၂၈ ရက်၂၀၀၇
မြန်မာစံတော်ချိန် ၉း၂၀ နာရီ

ယမန်နေ့ညက တောင်ဥက္ကလာ ကျော်သူ 21 လမ်းထဲက အိမ်တစ်အိမ် ( ငွေကြာရံဘုန်းကြီးကျောင်းနားက အိမ်) အဲဒီ့အိမ်က တံခါးဖွင့်ထားမိတာကို ဆန္ဒပြသူတွေ အိမ်ထဲ ၀င်ပြေးတယ်ဆိုပြီး စွမ်းအားရှင်ဆိုတဲ့ ကောင်တွေက အိမ်ထဲကို ၀င်ရိုက်ပြီး တစ်အိမ်သားလုံး အသက်80 ကျော်အဖိုးကြီးရော ကလေးတွေကိုပါ ဖမ်းသွားတယ်။ ငွေတွေနဲ့ ပစ္စည်းတွေပါ လုသွားတယ်။ စစ်သားတွေက အပြင်ကနေ ရံပေးထားတယ်။ တောင်ဥက္ကလာကမှ မျက်မြင်တဦးမှပြောဆိုသည်။
ဆုံဆည်းရာ Blog မှ

Photo of Burma Protest (September 27, 2007)